Victim Compensation

Online Claim Application Guide

ခံရသူ နစ်နာကြေးအတွက် အွန်လိုင်း ငွေတောင်းခံလွှာ လမ်းညွှန်

သင်က ကျူးလွန်မှု၏ ခံရသူ ဖြစ်လျှင် ကျူးလွန်မှုအပြင် ပြန်လည်ကောင်းမွန်ရေးနှင့် ပတ်သက်သော ကုန်ကျစရိတ်များစွာ သင့်တွင် ရှိနိုင်ပါသည်။ ၎င်းတွင် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုစရိတ်များ၊ ဝင်ငွေဆုံးရှုံးမှုနှင့် ပျက်စီးသည့်အရာများကို ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခြင်း သို့မဟုတ် အိုးအိမ်ဆုံးရှုံးခြင်းတို့ ပါဝင်နိုင်ပါသည်။ ကျူးလွန်မှု ခံရသူ နစ်နာကြေးသည် သင့်အား အဆိုပါ ငွေကြေးကိစ္စရပ်များနှင့် ပတ်သက်ပြီး အကူအညီပေးနိုင်ပါသည်။

လူတိုင်းက ခံရသူ နစ်နာကြေးကို လျှောက်ထားနိုင်ပါသည်၊ သို့သော် သင်အကူအညီလိုအပ်ပါက၊ crime victim advocate) ကျူးလွန်မှု ခံရသူ ရှေ့နေ)  သို့မဟုတ် ခံရသူ ဝန်ဆောင်မှုများ ရုံးခန်းက ငွေကြေးထောက်ပံ့ထားသည့် အရပ်သား တရားရေးရာ အဖွဲ့အစည်း ထံ ချက်ချင်း ဆက်သွယ်ပေးပါ။


ခံရသူ နစ်နာကြေးအတွက် အွန်လိုင်း ငွေတောင်းခံမှုကို ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ သင်သိထားရန် လိုအပ်သည့် အရာအားလုံးမှာ-

ငွေတောင်းခံမှုကို တင်ပြရန် ပြင်ဆင်ခြင်း

သင်က နစ်နာကြေးအတွက် သတ်မှတ်ချက်မီ၊ မမီကို ရှာဖွေသိရှိပါ၊ ငွေတောင်းခံမှုများ လုပ်ငန်းစဉ်၏ ခြုံငုံသုံးသပ်ချက်ကို ရယူပါ၊ အွန်လိုင်းပေါ်တယ် အသုံးပြုနည်းကို လေ့လာပါ၊ ထို့အပြင် လျှောက်ထားရမည့် ငွေတောင်းခံမှု အမျိုးအစားများကို ရှာဖွေပါ။<

ပိုမိုလေ့လာရန်
ငွေတောင်းခံမှု ဖြည့်စွက်ခြင်း

သင်လျှောက်ထားနိုင်သည့် ငွေတောင်းခံမှု အမျိုးအစားကို ရှာဖွေသိရှိရန်နှင့် တစ်ကိုယ်ရေ ထိခိုက်ဒဏ်ရာ၊ အခြေခံ ကိုယ်ပိုင် အိုးအိမ် သို့မဟုတ် သေဆုံးမှုဆိုင်ရာ ငွေတောင်းခံမှုကို တင်ပြရန် လိုအပ်မည့် အချက်အလက်များနှင့် ပတ်သက်၍ လမ်းညွှန်ချက်ကို တစ်ဆင့်ချင်း ရှာဖွေရန် ခံရသူ နစ်နာကြေး အက်ပ်ကို အသုံးပြုပါ။

ပိုမိုလေ့လာရန်
ငွေတောင်းခံမှုကို သင်တင်ပြပြီးနောက

သင့်ငွေတောင်းခံမှုကို အပြီးသတ်ရန်၊ ၎င်းက ကြာမြင့်မည့်အချိန်နှင့် OVS ၏ ဆုံးဖြတ်ချက်နောက်ပိုင်း လုပ်ရမည့်အရာများနှင့် ပတ်သက်၍ သိထားရမည့် အရေးကြီးအချက်များ။

ပိုမိုလေ့လာရန်

ကျူးလွန်မှု ခံရသူ နစ်နာကြေးဆိုသည်မှာ အဘယ်နည်း။

ကျူးလွန်မှု ခံရသူ နစ်နာကြေးသည် ကျူးလွန်မှု ခံရသူ ဖြစ်ခဲ့သောကြောင့် ကျခံခဲ့ရသည့် အကုန်အကျငွေများအတွက် ခံရသူများနှင့် ၎င်း၏ မိသားစုများကို ငွေပြန်ပေးသည့် အစိုးရ ပရိုဂရမ်တစ်ခု ဖြစ်ပါသည်။ အောက်ပါတို့ကို သိထားရန် အရေးကြီးပါသည်-

ခံရသူ နစ်နာကြေး အွန်လိုင်း လျှောက်လွှာ လမ်းညွှန်ဆိုသည်မှာ အဘယ်နည်း။

ခံရသူ နစ်နာကြေး ငွေတောင်းခံမှုများကို အွန်လိုင်းတွင် ဖြည့်စွက်ပြီး တင်ပြရန် NYS Office of Victim Services' Portal (NYS ခံရသူ ဝန်ဆောင်မှုများ၏ ရုံးခန်း ပေါ်တယ်) ကို အသုံးပြု၍ ကျူးလွန်မှု ခံရသူများနှင့် ရှေ့နေများကို ကူညီရန် NY Crime Victims Legal Network NY (ကျူးလွန်မှု ခံရသူများ ဥပဒေဆိုင်ရာ ကွန်ရက်) က ဤလမ်းညွှန်ကို ရေးဆွဲထားသည်။

အွန်လိုင်း လျှောက်လွှာသည် လုပ်ငန်းစဉ်အတွက် အသစ်ဖြစ်နေသည့် လူတိုင်းအတွက် စိန်ခေါ်မှု ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ-

  • လျှောက်လွှာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သင့်ကို ကူညီနိုင်စေသည့် ရင်းမြစ်များကို သင့်ထံ တိုက်ရိုက်ပေးပို့ရန်၊
  • လျှောက်လွှာကို ဖြည့်စွက်ရန် သင်လိုအပ်နိုင်သည့် အချက်အလက်များကို သင့်အား အသိပေးရန်၊ နှင့်
  • လျှောက်လွှာကို အောင်မြင်စွာ တင်ပြနိုင်စေရန် အကြံဉာဏ်များကို ကမ်းလှမ်းရန်တို့ ဖြစ်သည်။
ခံရသူ နစ်နာကြေး အွန်လိုင်း ငွေတောင်းခံလွှာလမ်းညွှန်ကို ဘယ်လို အသုံးပြုရမလဲ။

ဤလမ်းညွှန်ကို အွန်လိုင်းပေါ်တယ် အသုံးမပြုမီ ပြန်လည်ဖတ်ရှုနိုင်သည် သို့မဟုတ် အွန်လိုင်းလျှောက်လွှာကို ဖြည့်စွက်နေစဉ် အသုံးပြုနိုင်သည်။ သင့်အား အွန်လိုင်း ငွေတောင်းခံမှုများ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကူညီပေးရန် ဤလမ်းညွှန်၏ စာမျက်နှာများကို သင်ပုံနှိပ်နိုင်ပါသည်။

Back to top